မိုးမိတ်မြို့၌ စက်ရုံ၊ အလုပ်ရုံများ၊ စားသောက်ကုန်အရောင်းဆိုင်များနှင့် ဆီဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေးဆောင်ရွက်

မိုးမိတ်   နိုဝင်ဘာ  ၁၇       

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ မိုးမိတ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ စက်ရုံ၊ အလုပ်ရုံများ၊ အကြော်ဖိုများ၊ စားသောက်ကုန်အရောင်းဆိုင်များနှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဇာနည်မျိုးနှင့် မီးသတ်တပ်ဖွဲ့ဝင် များသည် စက်ရုံ၊ အလုပ်ရုံများ၊ အကြော်ဖိုများ၊ စားသောက်ကုန် အရောင်းဆိုင်များနှင့် ဆီဆိုင်များတွင် မီးသတ်ဆေးဗူးများထားရှိခြင်း ရှိ/မရှိ၊ အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးဘေးလုံခြုံမှု ရှိ၊မရှိ စစ်ဆေးခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ထားရှိခြင်းနှင့် မီးကိုစနစ်တကျကိုင်တွယ်သုံးစွဲခြင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆောင်ရန်၊ရှောင်ရန်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)