ဖျာပုံမြို့ပေါ်ရှိ ဈေးများတွင် ကိုဗစ် - ၁၉ ကာကွယ်ရေး (Mask၊ Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖျာပုံ  နိုဝင်ဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး ဦးဆောင်၍ မြို့ပေါ်စျေးများနှင့် လူစည်ကားရာနေရာများတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများအဖြစ် (Mask & Face Shield Campaign) ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့တွင် ဖျာပုံမြို့မြောက်ပိုင်စျေးတွင် ဆောင်ရွက်ကြသည်။

ဖျာပုံမြို့နယ် ပြည်သူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုး၊ ဒေါက်တာသိန်းထွန်းဝင်းတို့ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဖွဲ့စည်ထားသော စျေးစိစစ်ရေးအဖွဲ့များသည် (၁၇-၁၁-၂၀၂၀) ရက်နေ့တွင် လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြို့ပေါ်လူစည်ကားရာ နေရာများနှင့် ဈေးများအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign) ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်ဖြစ်ခြင်းကြောင့် စျေးများ၊ လူအများစုဝေးရာ နေရာများတွင် (Mask ၊ Face Shield Campaign) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဈေးများ အတွင်း ဈေးရောင်း၊ စျေးဝယ် ပြုလုပ်နေသူများအား နှာခေါင်းစည်း (Mask) မဖြစ်မနေ၊ စနစ်တကျတပ်ဆင်ရေး တို့အတွက် အသိပညာ ပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း (Mask) မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ပေးဝေခြင်း၊ လက်ကိုင်စပီကာများဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို လှည့်လည် အသိပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည်တို့ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)