ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ဖရူဆို    နိုဝင်ဘာ ၁၇


ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း ကို မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ် တပ်ဖွဲ့နှင့် ဈေးကော်မတီများ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား ကူးစက်မှု နှုန်းများပြားလာသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ  မြို့မဈေး၌ ဈေးရောင်းချသူများ၊ ဈေးဝယ်သူများ ၊ ခရီးသွား ပြည်သူများ နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်းရှိ/မရှိ နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များ  စည်းကမ်းချက်များနှင့်အညီ လိုက်နာ နေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ရန် နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း မရှိသူများအား ချက်ချင်းဝယ်ယူတပ်ဆင်စေ ခဲ့ကြောင်း  သိရသည်။
တောရယ်(ပြန်/ဆက်)