အင်ဂျန်းယန် နိုဝင်ဘာ ၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင် ခဲ့ကြသော အထူးရဲတပ်ဖွဲ့ဝင် ၇ ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ထပ်ဆင့် ပေးအပ်ချီးမြင့်ပွဲ အခမ်းအနားကို အင်ဂျန်းယန်အခြေခံပညာ အထက်တန်းကျောင်း မလိအင်မိုင်ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းက ရဲချုပ်မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရဲချုပ်ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ရာ အထူးရဲတပ်ဖွဲ့ဝင် များကိုယ်စား အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ကျော်စိုးနိုင်(ပြန်/ဆက်)