မိုင်းယု နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ် တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်း လျှော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း (Mask) မတပ်ပဲ လမ်းသွားလမ်းလာ ပြည်သူများ တွေ့ရှိလာသဖြင့် မြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ကော်မတီ အဖွဲ့မှ အခုဝယ်အခုတပ်စနစ်ဖြင့် ရှောင်တခင် စစ်ဆေးခြင်းများကို နေ့စဉ်ပြုလုပ်နေလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး ဦးဆောင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများကို နှာခေါင်းစည်း တပ်ပေးပြီး၊ နှာခေါင်းစည်း မတပ်ဘဲ သွားလာသူများကိုလည်း အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် ရှောင်တခင် ကြပ်မတ်စစ်ဆေးကာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်အတိုင်း နေထိုင်စေရေးနှင့် ဒေသတွင်းရှိ ပျံကျဈေးသည်များကိုလည်း နှာခေါင်းစည်း (Mask) တပ်၍ လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချနိုင်ရေး အတွက် အထူး ကြပ်မတ်၍ နေ့စဉ်ဆော်ဩကာ အသိပညာပေးပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)