ရေဖြူမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ရေဖြူ  ဇူလိုင် ၁၆

၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့်အလယ် တန်းအဆင့် ကဗျာရေးပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ပညာ‌ရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က-ရေဖြူကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီအချိန်အထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကဗျာရေးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူ ၂၀ဦး၊ အလယ်တန်းအဆင့်တွင်  ကျောင်းသားကျောင်းသူ  ၁၅ ဦးတို့က စိတ်ဝင်တစား ဝင်ရောက်ဖြေဆိုကြပြီး စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် ၁၅ ဦး အလယ်တန်းအဆင့်တွင် ၁၅ ဦးတို့က လည်းကောင်း အသီးသီးစိတ်ဝင်တစား ဝင်ရောက်ဖြေဆိုကြရာ ဆုရကျောင်းသူ/ကျောင်းသားများအား မြို့နယ် ပညာရေးမှူး ဦးမင်းအောင်ဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူရှိန်က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခတ္တာ