ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ပန်ဝါ  နိုဝင်ဘာလ  ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား နိုင်ငံတော်မှ တစ်အိမ်ထောင်လျှင် ငွေကျပ် (၂) သောင်းနှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့သည့် ငွေများကို ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ ညနေ ၃ နာရီအချိန်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ပန်ဝါမြို့ မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်အတွင်း ထောက်ပံ့ငွေရရှိမည့် အိမ်ထောင်စု စုစုပေါင်း (၁၂၉) စုရှိပြီး တစ်အိမ်ထောင် လျှင်ကျပ် (၂) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂,၅၈၀,၀၀၀) ကျပ်အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲညွန့်(ပြန်/ဆက်)