လွိုင်လင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

လွိုင်လင်     နိုဝင်ဘာ   ၁၇

နိုင်ငံတော်အစိုးရသည် ကိုဗစ်-၁၉ ကာလ၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား  ထောက်ပံ့ငွေများကို  စတုတ္ထ အကြိမ်အဖြစ် ထောက်ပံ့ပေးအပ်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး၌ ယနေ့ နံနက်(၈)နာရီတွင်  ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထောက်ပံ့ငွေများ ပေးအပ် လျက်ရှိကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် လွိုင်လင်မြို့ အမှတ်(၄)ရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း (၄၂၂)စု ကို အိမ်ထောင် တစ်စုလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် သက်ဆိုင်ရာ နယ်မြေ အလိုက် နယ်မြေမှူး ၊ ရာအိမ်မှူးများက လက်ဝယ် အရောက်ပေးအပ်ကြကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)