မင်းတပ် နိုဝင်ဘာ ၁၇
မင်းတပ်မြို့တွင် ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းတည်ဆောက်စဉ် ထိခိုက်ပျက်စီးသွားသော သီးနှံပင်/နှစ်ရှည်ပင် များအတွက် လျော်ကြေးငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်းတည်ဆောက်စဉ်က မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ သီးနှံပင်/နှစ်ရှည်ပင် စိုက်ပျိုးထားသော မြေကွက်များ ထိခိုက်ပျက်စီးသွားသည့်အတွက် လျော်ကြေးငွေ ပေးအပ်ခြင်း ဖြစ်သည်။ ထိခိုက်ပျက်စီးသွားသော မြေကွက်ပိုင်ရှင်များအား (၄) ကြိမ်ခွဲ၍ လျော်ကြေးငွေပေးအပ်မည်ဖြစ်ပြီး ယခုပထမ အကြိမ်အဖြစ် မြေကွက်ပိုင်ရှင် ၁၃ ဦးအား ငွေကျပ် ၁၇၄၄၇၆၄၈ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)