ကျွန်းစုမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း ကမ်းဇော်တောကျောင်းတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် အာဇာနည်နေ့ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေး  ထက်မြက်လာစေရန်၊ အားလပ်သည့်အချိန်များတွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ပြီး စာငှား၊ စာဖတ် ခြင်းဖြင့် စာပေဗဟုသုတများ တိုးပွားလာစေရန်” ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အ.မ.က ကမ်း‌ဇော်တောကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ်စာပေများနှင့် အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူအား ဆုချီးမြှင့်ခဲ့ကာ ပြိုင်ပွဲဝင် ကျောင်းသား/သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)