ကျွန်းစုမြို့တွင် ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ကွင်းဆင်းစစ်ဆေး

ကျွန်းစု ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာ အဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ဇူလိုင်(၁၅) ရက်နေ့မှ (၁၆)ရက်နေ့အထိ မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ထွန်းနိုင် ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဌာနဆိုင်ရာများ၏ ရုံးအဆောက်အဦအတွင်း လျှပ်စစ်ဝိုင်ယာကြိုး သွယ်တန်းထားရှိမှုနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြု‌နေမှုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး  မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း  သိရသည်။

ထက်မြင့်(ကျွန်းစု)