မိုင်းစံ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့တွင် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန် ပြည်သူများ Quarantine Center များတွင် ထားရှိရန်လိုအပ်လာပါက စောင့်ကြပ်ကြည့်ရှုရန်အတွက် ပြင်ဆင် ဆောင်ရွက်မှုများကို ယနေ့နံနက် ၁၀နာရီအချိန် က မိုင်းစံမြို့ (အ-ထ-က) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Quarantine Center ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်း ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိ/မြို့ဖများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့တို့က အနယ်နယ်အရပ်ရပ်မှ ပြန်လည် ဝင်ရောက်လာမည့် နေရပ်ပြန် ပြည်သူများအား Facility Quarantine ထားရှိရမည်ဆိုပါက ရေ၊မီး နေရာထိုင်ခင်းများ အဆင်ပြေစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခင်က စောင့်ကြည့်လူနာများအား တိုက်နယ်ဆေးရုံတွင် ထားရှိရာမှ ယခုအခါ မိုင်းစံ(အ-ထ-က) ကျောင်းတွင် နေရာပြောင်းရွှေ့ထားရှိသွားမည်ဖြစ်ကြောင်းနှင့် ယခုကာလအတွင်း စောင့်ကြည့်လူနာမရှိသေးကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)