နမ့်ဆန်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါစောင့်ကြည့်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်မည့်နေရာအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

နမ့်ဆန်       နိုဝင်ဘာ    ၁၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါစောင့်ကြည့် ထိန်းချုပ်ရေးစခန်းထပ်မံဖွင့်လှစ်ရန်အတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် တာဝန်ရှိသူများက ယနေ့နံနက်(၁၀)နာရီခန့်က  ဇယန်းပန်လော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးကျောင်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု တိုးပွားလာသည့်အတွက် နမ့်ဆန်မြို့နယ်အတွင်းသို့ နယ်ဝေးမှ ဝင်ရောက်လာမည့်သူများကို စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင်ထားရှိပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ကြိုတင် တားဆီးကာကွယ်ဖို့ရန် နမ့်ဆန်မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ စောင့်ကြည့် ထိန်းချုပ်ကုသရေး စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့မှ ဒေါက်တာထက်ဖြိုးဝေ၊ မြို့နယ်အုပ်ချုပ်မှုရုံးမှ တာဝန်ရှိသူများ နှင့် ဇယန်းကြီး ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ဇယန်းပန်လော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးကျောင်းတွင် စောင့်ကြပ် ကြည့်ရှုရေးစခန်းဖွင့်လှစ်ရန်အတွက် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းနေရာကိုလည်း မြို့နယ်ကြက်ခြေနီသူနာပြု စေတနာလုပ်အားရှင်အဖွဲ့က ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)