ကရသူရိမြို့၌ ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေး နံရံကပ်ဘုတ် ပြသ

ကရသူရိ ဇူလိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ဘုတ်၌ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် အသိပညာပေး ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များကို ကျောင်းသား/သူများ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ရေး ပညာပေးပြသခြင်းဖြစ်ရာ အဆိုပါပြသရာ၌ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ လျှပ်စစ်လက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ‌မြေပြိုခြင်း၊ မုန်းတိုင်းတိုက်ခတ်ခြင်းနှင့် ရှောင်ရန်/ဆောင်ရန်များကို ပြသခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်သိရှိနိုင်ရေး ပညာပေးပြသခြင်းဖြစ်ရာ အဆိုပါ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ  (၁၅) ဦး လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)