ကျိုင်းတုံ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျွးရွာတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျိူင်းတုံခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးနိုင်၊ မြို့နယ်မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးဝင်းတို့က ကျွဲ၊ နွား၊ ဝက်၊ ကြက်ကူးစက်ရောဂါများနှင့် ရောဂါ ကာကွယ်ဆေး များအကြောင်းကို မွေးမြူရေး တောင်သူများအား အသိပညာပေးဟောပြောပြီး ကျွဲနွား ကာကွယ်ဆေး ပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်တွင် နွားနောက်၊ ကျွဲ အများဆုံး မွေမြူကြပြီး ဒေသနွားများကို လွှတ်ကျောင်းစနစ်ဖြင့် စီးပွားဖြစ် မွေးမြူလျက်ရှိရာ တိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဌာန၊ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)