ခိုလမ်မြို့တွင် (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး (RS to CS) မျိုးသန့်မျိုးပွား DU 12 မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်

ခိုလမ်   နိုဝင်ဘာ   ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊   ခိုလမ်မြို့တွင်  စိုက်ပျိုးရေးဦးစီးဌာနမှ   (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသောမိုးစပါး (RS to CS) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်း ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းအမှတ် (၁၇၅) (ဝမ်ဖွီး)၊ ဦးပိုင်   (၃)  တောင်သူဒေါ်နန်းဆိုင်၏   လယ်၌ စံကွက်ရိတ်သိမ်းပွဲ  ဆောင်ရွက်ခဲ့သည်။

ထိုသို့ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလေးဝင်းနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန   ဦးစီးမှူး   ဦးသော်တာနှင့် ဝန်ထမ်းတို့က   ခိုလမ်မြို့၏ ရေမြေဒေသနှင့်ကိုက်ညီသော မျိုးစေ့များရရှိစေရန်၊ အထွက်နှုန်း ပိုကောင်းစေရန်နှင့် စားသုံးမှု အရည်အသွေး  ကောင်းမွန်စေရန် ရည်ရွယ်၍ မျိုးစေ့ထုတ် စိုက်ပျိုးခြင်းဖြစ်ပြီး  အဆိုပါ  စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည့် တောင်သူဒေါ်နန်းဆိုင်၏ (RS  to  CS) မျိုးစေ့ထုတ် စိုက်ခင်း (DU 12) မျိုးစေ့ထုတ်မျိုးမှ   အစိုတစ်ဧကလျှင်  အထွက်နှုန်း  (၁၂၂.၃၇ )တင်းနှုန်း ထွက်ရှိခဲ့ကြောင်း ခိုလမ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

ခင်လေးဝင်း (ပြန်/ဆက်)