SR-456 မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွက်၌ စံကွက်ရိတ်သိမ်း

နောင်တရား   နိုဝင်ဘာလ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာမှ ကွင်းအမှတ်-၁၆ တောင်သူ ဦးရွှေဦး စိုက်ကွင်းတွင် ကိုဗစ်−၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ စိုက်ပျိုး ထားသည့် SR-456 မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွက်ကို ယနေ့နံနက်ပိုင်းက စံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်ကြောင်းသိရသည်။

SR-456 မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ကွက်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မျိုးကောင်း မျိုးသန့် ပြန့်ပွားရေးအတွက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံဆောင်ရွက်ခဲ့ပြီး အဆိုပါ မျိုးစေ့ထုတ် စံပြစိုက်ကွက်မှ ထွက်ရှိသည့်မျိုးစပါး ၅၀ ရာခိုင်နှုန်းကို အခြားတောင်သူများသို့ ဆက်လက် ဖြန့်ဝေ ပေးရမည်ဖြစ်ပြီး အဆိုပါမျိုးစပါးအား စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ရာတွင် တစ်ဧကလျှင် (၇၃)တင်း ထွက်ရှိကြောင်းသိရသည်။ နောင်တရားမြို့အတွင်းရှိ SR-456 မိုးစပါး စိုက်ပျိုးသည့် လယ်(၁၀)ဧက ရှိကြောင်း နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားသို့ နောင်တရား မြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ စိုက်ပျိုးရေးတောင်သူများက ကြည့်ရူလေ့လာကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)