ကျေးရွာများ၌အစေ့ထုတ်ပြောင်း စံကွက်ရိတ်သိမ်း

 

နောင်တရား     နိုဝင်ဘာလ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဘန့်ပြင်ကျေးရွာအုပ်စု၊ လွင်ရွာကျေးရွာမှ တောင်သူဦးကျော်လင်းစိုက်ပျိုးထားသည့် CP-808 ပြောင်းစိုက်ခင်းအား ယနေ့ နံနက်ပိုင်းက ပြောင်းစံကွက် ရိတ်သိမ်းကြောင်းသိရသည်။

အဆိုပါတောင်သူ၏ စိုက်ခင်းကို နောင်တရားမြို့ စိုက်ပျိုးရေးရေးဦးစီးဌာနမှ ဝန်ထမ်းများက ရောဂါပိုးကျရောက်မှုရှိ၊ မရှိ စစ်ဆေးခြင်းနှင့် တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်မှန်ကန်ရေး နည်းပညာများ ပံ့ပိုးခြင်းများဆောင်ရွက်ခဲ့ပြီး ယခုအခါ အစေ့ထုတ်ပြောင်းထွက်ရှိမှုသိရှိနိုင်ရေးအတွက် စံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်ခဲ့သည်။ တောင်သူ ဦးကျော်လင်း၏ ပြောင်းစိုက်ခင်းမှ ပြောင်းစံကွက် ရိတ်သိမ်းရာတွင် တစ်ဧကလျှင်၊ ပြောင်း(၇၂)တင်း ရရှိကြောင်းသိရသည်။

ပြောင်းစံကွက်ရိတ်သိမ်းခြင်းအခမ်းအနားသို့ နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ စိုက်ပျိုးရေးတောင်သူများက ကြည့်ရူလေ့လာကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)