မိုင်းဆတ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်၊ မြို့ထွက်ဂိတ်များဖြစ်သည့် မိုင်းဆတ်-တာချီလိတ်၊ မိုင်းဆတ်-မိုင်းခုတ်နှင့် မိုင်းဆတ်-မိုင်းတုံ ဂိတ်များမှ ဖြတ်သန်းသွားလာသူများအား ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မှတ်သားခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေးထောက်ခံချက် ပါ၊မပါ စစ်ဆေးခြင်း၊ Mask တပ်ဆင်သွားလာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြို့ဝင်၊ မြို့ထွက်ဂိတ် (၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ (၁၂၃) ဦးအား Non-Contact Infrared Thermometer စက်ဖြင့် ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခဲ့ပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း သိရသည်။
မြင့်မောင် (ပြန်/ဆက်)