ချီဖွေ နိုဝင်ဘာ ၁၇
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အတွင်းရှိ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ချီဖွေမြို့နယ် မြို့မရဲစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချီဖွေမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နိုင်တင်အေးက ၂၀၂၀ပြည်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထူးရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့သောကြောင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ယာယီရဲမှူး နိုင်တင်အေးနှင့် တာဝန်ရှိသူများက ချီဖွေမြို့နယ်အတွင်းရှိ မဲရုံ(၄၇)ရုံ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သည့် အထူးရဲ တပ်ဖွဲ့ဝင် (၄၇)ဦးအား တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ် ခဲ့ကြောင်း သိရသည်။
နန်းမြင့်(မြို့နယ်ပြန်/ဆက်)