တီးတိန်၌ Physical Fitness Dance အွန်လိုင်းမှ တစ်ဦးချင်းပြိုင်ပွဲဝင်ရန် စတင်လေ့ကျင့်

တီးတိန်  နိုဝင်ဘာ ၁၇

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန (နေပြည်တော်)၏ ကြီးမှူးပြုလုပ်သည့် Physical Fitness Dance အွန်လိုင်းမှ မြို့နယ်အလိုက် တစ်ဦးချင်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ တီးတိန်မြို့နယ်မှ ပြိုင်ပွဲဝင်ရောက်မည့် သူများအား  ယမန့်နေမှ စတင်၍ လေ့ကျင့် နေကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသည် နိုဝင်ဘာ ၂၀ ရက်နောက်ဆုံးထား၍ ပြိုင်ပွဲဝင်ရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးစိုက်ရာ မြို့များမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ကကွက်မှာ နေပြည်တော်မှ ထုတ်ပြန်ထားသည့် သတ်မှတ် ချက်အတိုင်း ယှဉ်ပြိုင်ကြရန်ဖြစ်ကြောင်း တီးတိန်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)