ပုလောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ပုလော   ဇူလိုင်     ၁၈

ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ် ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ပုလောမြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ရာတွင် ခြင်းကျား ပိုးလောက် လမ်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများ၊ မိုးရေနှင့် ရေဆိုး၊ ရေညစ်မရှိစေရေး၊ ခြင်ကြောင့် လောက်လန်းကြောင့် ဖြစ်ပေါ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြင်ထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများ ကြိုတင် ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)