ရွှေသောင်ယံ နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စုရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပေးအပ်သော ထောက်ပံ့ငွေများကို တစ်အိမ်ထောင်လျှင် ကျပ် (၄၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၅၈၃) စုထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မကျီးဇင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များမှ ယမန်နေ့နံနက် (၉) နာရီက ကျေးရွာအုပ်စုအတွင်း ကျေးရွာခွဲ (၈) ရွာရှိအိမ်ထောင်စုများထံသို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသောကာလ နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့်ငွေကျပ် (၂၃၃) သိန်း (၂) သောင်းကို တစ်အိမ်ထောင်လျှင် ကျပ် (၄၀၀၀၀) နှုန်း စီခွဲဝေကာ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုမောင် ပြန်/ဆက်