မူဆယ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၌ စာအုပ်၊ စာပေငှားရမ်းခြင်းနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့် က မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်သည်။
မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ က “လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ”နှင့် “လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး”ခေါင်းစဉ်တို့ဖြင့် ဟောပြောသည်။ ဆက်လက်ပြီး လူကုန်ကူးခံရသည့် အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မျှဝေကြရန်၊ နည်းလမ်းပေါင်းစုံ အသုံးပြုခြင်းတို့ကြောင့် လူကုန်ကူးခြင်းထပ်မံမခံရလေအောင် စာအုပ်၊ စာပေများကို များများဖတ်ရှုရန်လိုအပ်ကြောင်းနှင့် မိမိပတ်ဝန်းကျင်၌ လူကုန်ကူးခြင်းအန္တရာယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိမိတ်ဆွေများ ထံသို့ ထပ်မံမျှဝေပေးရန် မှာကြားသည်။
ဆက်လက်ပြီး မူဆယ်မြို့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၌ စာအုပ်၊ စာပေများဖတ်ရှုနိုင်ရန်အတွက် စာအုပ်များငှားရမ်းပေးပြီး မူဆယ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုနိုင်ရန် အပတ်စဉ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)