သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများချီမြှင့်

သာစည် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ဆုချီးမြှင့်ပွဲနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကိုပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် သုတဉာဏ်စမ်းပြိုင်ပွဲ၊ မူလတန်းအဆင့် (Grade-2 နှင့် Grade-3) ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် မူလတန်းအဆင့် (Grade-4 နှင့် Grade-5) ကဗျာရွတ်ပြိုင်ပွဲတို့တွင် ပထမ၊ဒုတိယနှင့်တတိယဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)