ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲပြုလုပ်

ကော့သောင်း  ဖေဖေါ်ဝါရီ    ၂၃

အခြေခံပညာကျောင်းများတွင်  ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန်၊ အစပျိုးလှုပ်ရှားမှုများ လုပ်ဆောင်ရသည့် အကြောင်းအရင်းများ၊ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်စေရန်နှင့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု ၊ အသင်းအဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခြင်းကို တတ်နိုင်သည့်ဘက်မှ ပုံပိုးကူညီရန်ရည်ရွယ်ချက်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကျောင်းသားများ ပါဝင် ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေးမြို့နယ်အဆင့်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အထက -၁ ၊ မြတ်ရတနာခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ကော့သောင်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းမာလာက ကျောင်းသားများပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ (Student Participation Initiatives- SPI) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် ဆွေးနွေးပွဲများပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲများအား တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် စီမံချက်မြို့နယ်ပေါင်း (၂၉) မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၇၈၀) ကျောင်းတွင် ပြုလုပ်ခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ်အနေဖြင့် ထက်၊ လယ်၊ မူ ၊ မူလွန်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အလယ်တန်းပြဆရာများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသားမိဘများနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ နှင့်ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများက ပညာရေးတွင်ဆယ်ကျော်သက်လူငယ်များ၏ ပါဝင်ဆောင်ရွက်မှု၊ ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေး ဦးစားပေးနယ်ပယ် (၇) ခု နှင့် ချိတ်ဆက်ဆောင်ရွက်မှု၊ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုနှင့် လေ့လာကြီးကြပ်မှုစသည့် ခေါင်းစဉ်များဖြင့် တစ်နေ့တာဆွေးနွေးခဲ့ကြကြောင်းသိရသည်

ကျော်စိုး(ကော့သောင်း)