တာမိုးညဲ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ပေါ်ရှိ ကျောင်းဆရာ/မများ၊ (၂၀၁၈-၂၀၁၉) ခုနှစ်နှင့် (၂၀၁၉-၂၀၂၀) ပညာသင်နှစ်တို့တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ရန် စွမ်းစွမ်းတမံသင်ကြားပေးခဲ့သော ဆရာ/ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း အောင်သည့် ကျောင်းသား/သူများအား ဂုဏ်ပြုငွေများထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန် က တာမိုးညဲမြို့၊ မုန်းဝန်း ဗမာ ယဉ်ကျေးမှုခန်းမ၌ ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် ကွတ်ခိုင်မြို့နယ်၊ အမှတ်(၂) မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင် က “မိမိဒေသမှာ လာရောက် ပြီးတော့ နိုင်ငံ့အနာဂတ်ကျောင်းသား/သူများကို မေတ္တာ၊ စေတနာအပြည့်ဖြင့် ပညာသင်ကြားပေးနေတဲ့ ဆရာ/မတွေကို အလွန်ပင်ကျေးဇူးတင် ရှိပါကြောင်း၊ ကျေးဇူးတုံ့ပြန်သောအနေဖြင့် ဆရာ/မတွေကို ဆောင်းတွင်းဝတ်အနွေးထည်နှင့် ဆန်များ ထောက်ပံ့ပေးရခြင်းဖြစ်သလို ပညာ ကြိုးစားသင်ယူခဲ့ကြပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် တက္ကသိုလ်ဝင်တန်းအဆင့်ကို သင်ကြားပေး ခဲ့သော ဆရာ/မများကိုလည်း ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်သွားခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းဆရာ/မများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူ များကို ကွတ်ခိုင်မြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ က ဆောင်းတွင်းဝတ်အနွေးထည်၊ ဆန်နှင့် ဂုဏ်ပြုငွေများကို အသီးသီး ပေးအပ်ကြသည်။
ကျောင်းဆရာ/မများအတွက် ဆောင်းတွင်းဝတ်အနွေးထည် (၈၆)ထည်၊ ဆန်အိတ် (၆၅၈)အိတ်နှင့် (၂၀၁၈-၂၀၁၉/၂၀၁၉-၂၀၂၀) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူ (၄)ဦးအတွက် ကျပ်သိန်း(၂၀)၊ တက္ကသိုလ်ဝင်တန်းအောင်မြင်စွာ စွမ်းဆောင်ပေးကြသော ဆရာ/မ(၅)ဦးအတွက် ကျပ်(၁၀)သိန်းနှင့် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း (၂၀၀)ကျော် ဂုဏ်ပြုထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဌေးဌေးကြည် (ပြန်/ဆက်)