ချမ်းမြသာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အကြောင်း အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲ/ပြိုင်ပွဲများ ကျင်းပပြုလုပ်

ချမ်းမြသာစည်  ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အမှတ်(၂၃) အခြေခံပညာမူလတန်းလွန်ကျောင်းတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ( ၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး အာဇာနည်‌‌နေ့နှင့်သက်ဆိုင်သည့် နံရံကပ်စာစောင်များ ပြသခြင်း၊ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များပြသခြင်း နှင့် ပြိုင်ပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲများပြီးနောက် ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံကြီးကြပ်ဆရာမ ဒေါ်သန်းသန်းဦးတို့က ဆုများပေးအပ် ချီးမြှင့်ခဲ့ကြ‌ကြောင်း သိရသည်။

ချမ်းမြေ့