ပင်လောင်း နိုဝင်ဘာ ၁၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား နိုဝင်ဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲ၌ တစ်ဘက်တစ်လမ်းမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာအကြီးအကဲများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များပေးအပ်ခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်း က ပြုလုပ်သည်။
ဂုဏ်ပြုလွှာပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင် က ရွေးကောက်ပွဲ၌ တစ်ဖက် တစ်လမ်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးသော ပင်လောင်းမြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် နောင်တရားမြို့၊ ပေါင်းလောင်း မြို့မှ ဌာနဆိုင်ရာအကြီးအကဲများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး(ပင်လောင်း)