မြိတ် နိုဝင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်မြိတ်မြို့နယ် သစ်ယာဝကျေးရွာနှင့်ကန်ပြင်ရွာသို့ ကျေးရွာချင်း ဆက်မြေသားလမ်းအပိုင်းအား သွားလာမှုလွယ်ကူ အဆင်ပြေစေရေး၊ ကျေးရွာ ဥပတိရုပ်လှပကောင်းမွန်စေရေးအတွက် ၎င်းသစ်ယာဝကျေးရွာနေ ကိုသက်ဇွဲကို နှင့် ကိုနိုင်ဝင်းကို တို့သူငယ်ချင်းနှစ်ယောက်က ဦးစီးဦးဆောင်ပြု၍ ကျေးရွာနေပြည်သူများ ပူးပေါင်းကာ နိုဝင်ဘာလ ၁၄ရက် မှ ၁၆ရက်နေ့ ညနေပိုင်းအထိ မြေသား လမ်းပိုင်း(၃) ဖာလုံခန့်ကို ဝိုင်းဝန်းပြုပြင်ခဲ့ကြကြောင်း သိရှိရသည်။
ယင်းသို့ မြေသားလမ်းပြုပြင်ရာတွင် မြေသားလမ်းအပိုင်း ညီညာပြေပြစ်ပြီး အလျင်အမြန်ပြီးစီးစေရန်အတွက် စက်ယန္တရားကြီးများကို ငှါးရမ်းအသုံးပြု၍ရွာသူရွာသား များက ရင်းနှီးချစ်ခင်စွာဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ အဆိုပါ သစ်ယာဝကျေးရွာနေ ကိုမောင်ထိုက်နှင့််မမီးထုပ်မိသားစုနှင့် ဦးစိုးထူး နှ င့် မှုံငယ် မိသားစု တို့က လုပ်ငန်းအတွက်လိုအပ်သော ပံ့ပိုးမှုများအား ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်း ထိုလူငယ်များထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)