မိုင်းရှူးမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

 

မိုင်းရှူး နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ္ဋ်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အတွင်း လက်ရှိဖွင့်လှစ်သည့် မိုင်းစံ၊ နားစံ၊ နမ့်ကတ်၊  လွိုင်ဆောင်ထောက်ကျန်းမာ​ရေးစစ်ဆေးရေးဂိတ်များ အပြင် တန့်ယန်းမြို့အဝင်တွင်စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ရောဂါဖြစ်သည့်မြို့မှ ပြန်လာသူများအား မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ၌အသွားအလာကန့်သတ်ထားရှိရန် စီစဉ်ထားကြောင်း ဆွေးနွေးသည်။

ဆက်လက်၍မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း က အကယ်၍မိမိမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာရှိလာပါက မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အသစ်ဆောက်လုပ် ပြီးစီးသည့် ဝန် ထမ်းအိမ်ရာတွင်ထားရှိရန်စီစဥ်ထားကြောင်း၊ လူနာနှင့်ထိတွေ့ဆက်စပ်သူရှိပါက ရှမ်းစာပေနှင့်ယဥ်ကျေးမှု အဆောက်အဦတွင် ထားရှိနိုင်​ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်ခဲ့ကြသော ဌာနဆိုင်ရာကော်မတီဝင်များက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါအစည်း အဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)