ကြံခင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အဆင့် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်အဆင့်မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အသင်းဝင် ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက လုပ်ငန်းနှင့်ပတ်သက်သည့် အချက်(၃)ချက်အား ဆွေးနွေးတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် ဦးစိုးမြင့်က တင်ပြလာသော လုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ အသင်းဝင်များ၏ လိုအပ်ချက်များ၊ ဆန္ဒသဘောထားများနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အဆင့်မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အသင်းဝင်ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ လမ်းညွှန်မှာကြားချက်အား ဖတ်ကြားပြီး အသင်းဝင်အဖွဲ့များနှင့်လုပ်ငန်းစဉ်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မိုး မိုး ( ပြန်/ဆက် )