မန်ကန် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မန်ကန်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများအား Stay at Home ကာလအတွင်း မဖြစ်မနေအပြင်ထွက်ရမည် ဆိုပါက နှာခေါင်းစည်းတပ်ဆင်သွားလာရေးအသိပညာပေးနိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မန်ကန်မြို့ရှိ ဌာနဆိုင်ရာများပူးပေါင်း၍ ရပ်ကွက်များသို့ Hand Speaker ဖြင့် အပြင်ထွက်လျှင်နှာခေါင်းစည်းတပ်ဆင်ရေး၊ လက်များစနစ်တကျဆေးရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းမတပ်ပါက အခုဝယ်အခုတပ် စနစ်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှိုးဆော်ခြင်းတို့ကို ဌာနဆိုင်ရာမှတာဝန်ရှိသူ များက မြန်မာဘာသာ စကားဖြင့်နှိုးဆော်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသဘာသာစကားများဖြင့် ဘာသာပြန်နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထက်(ပြန်/ဆက်)