ငါန်းဇွန် ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဖလား အမျိုးသားအလွတ်တမ်း ဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအလွတ်တမ်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဖိတ်ခေါ်အသင်း (၁၂)သင်းသည် ရှုံးထွက် ပွဲစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီး တွင် ဆုချီးမြှင့်ပွဲကျင်းပရာ တံတားဦးအသင်းမှ ပထမဆုရရှိပြီး ဆုငွေတစ်သိန်းငါးသောင်းကျပ်အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင် ကလည်းကောင်း၊ မန္တလေးအသင်းမှ ဒုတိယဆုရရှိပြီး ဆုငွေကျပ်တစ်သိန်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးအေးလူ (တာဝန်ခံအင်ဂျင်နီယာ)က လည်းကောင်း၊ အုန်းတောအသင်းမှ တတိယဆုရရှိပြီး ဆုငွေငါးသောင်းကျပ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ထွန်း ကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ပြီး အတိုးတက်ဆုံး၊ လစ်ဖတာ၊ ဖိုက်တာနှင့် နောက်ထိန်း အကောင်းဆုံးဆုများကို တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)