မိုင်းရှူးမြို့တွင် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများထားရှိရန် Quarantine Center များ ပြင်ဆင်ဆောင်ရွက်

မိုင်းရှူး နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ဝင်ရောက်လာမည့် နေရပ် ပြန်ပြည်သူများ Quarantine Center များတွင် ထားရှိနိုင်ရန် ပြင်ဆင်ဆောင်ရွက်မှုကို ယနေ့မွန်းလွဲ ၃ နာရီ အချိန်ခန့် က မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ Facility Quarantine Center ပြင်ဆင်ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ် ဦးစီး၍ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုးတို့ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က အနယ်နယ်အရပ်ရပ်မှ ပြန်လည် ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများအား Facility Quarantine ထားရှိနိုင်ရန် လိုအပ်သည့် ရေ၊မီး၊ နေရာထိုင်ခင်းများ အဆင်ပြေစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် Facility Quarantine Center အဖြစ် ပန်စွဲ၊ အလကနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဆောက်အဦတို့ကို အသုံးပြုခဲ့ရာ ယခုအခါ Facility Quarantine Center အဖြစ် မိုင်းရှူးမြို့ အခြေခံပညာ အထက်တန်းကျောင်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)