မြစ်သားမြို့နယ်၌ တောင်သူများအား သီးနှံနစ်နာကြေး ထောက်ပံ့ပေးအပ်မှု အခမ်းအနား ကျင်းပ

မြစ်သား        နိုဝင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း မိတ္ထီလာလွင်ပြင်လျှပ်စစ်မြစ်ရေတင် စီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အားလိုင်းသွယ်တန်း ရာတွင်  လိုင်းနှင့်မလွတ်ကင်းသည့် လမ်းကြောင်းတစ်လျှောက်ရှိ တောင်သူများသို့ သီးနှံနစ်နာ ကြေး ထောက်ပံ့ပေးအပ်မှုအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြစ်သားမြို့နယ် ရွှေမုဌောဘုရား၊ ဝေယံဘုမ်မြင့် ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များက အမှာစကားများ အသီးသီးပြောကြားပြီးနောက် မိတ္ထီလာလွင်ပြင်လျှပ်စစ်မြစ်ရေတင်  စီမံကိန်းမှ ကျောက်ဆည် ခရိုင်မှူး ဦးမောင်မောင်နိုင်က လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ် စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မိတ္ထီလာ လွင်ပြင်လျှပ်စစ်မြစ်ရေတင်စီမံကိန်းမှ ကျောက်ဆည် ခရိုင်မှူးတို့က မြစ်သားမြို့နယ်အတွင်း နှမ်းခင်းကျေးရွာအုပ်စု တောင်သူ(၃၁)ဦးအား သီးနှံ နစ်နာကြေးငွေ ကျပ်(၅၃၆၅၀၀၀)ကို လည်းကောင်း၊ ပွဲလုံးကျော်ကျေးရွာအုပ်စု တောင်သူ(၈၃)ဦးအား သီးနှံ နစ်နာကြေးငွေ ကျပ်(၁၃၂၂၀၀၀၀)၊ စုစုပေါင်း တောင်သူ(၁၁၄)ဦးအား သီးနှံနစ်နာကြေးထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၈၅၈၅၀၀၀)ကိုပေးအပ်ရာ သက်ဆိုင်ရာတောင်သူများက လက်ခံရ ယူခဲ့ကြောင်း သိရှိရသည်။    
ဆုမွန်(မြစ်သား)