ကျောက်တလုံးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နေမှုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငါန်းဇွန် ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု ကျောက်တလုံးကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းထွန်းစိုးနှင့် ဦးဆန်းဝင်း (Third Party) တို့သည် ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးရာ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် Hight Sweet Co.,Ltd မှ တာဝန်ခံအင်ဂျင်နီယာများက ကျေးလက်ကျန်းမာရေးဌာခွဲနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်း ၂၅% ဆောက်လုပ်ပြီးမှု အခြေအနေများအား လှည့်လည်ရှင်းလင်းပြသပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးများမှာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေ ဖြင့် တည်ဆောက်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲမှာ အလျား-၄၁ပေ၊ အနံ-ပေ၃၀၊ အမြင့်-၁၂ပေ ရှိသော RC တစ်ထပ်ဆောင်ဖြစ်ပြီး ဝန်ထမ်းအိမ်ရာမှာ အလျား -၃၈ပေ၊ အနံ-၂၅ပေ၊ အမြင့်-၁၂ပေ ရှိသောRC တစ်ထပ်ဆောင်ဖြစ်ကြောင်း သိရသည်။                

သက်နောင်ဦး(ငါန်းဇွန်)