ကြံခင်း နိုဝင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဘက်ရဲမြို့ "ဇမ္ဗူရာဇ်ရွှေဆိုင်" မိသားစုမှ မွေးနေ့အလှူအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ဘက်ရဲမြို့ "ဇမ္ဗူရာဇ်ရွှေဆိုင်" မိသားစုမှမွေးနေ့အလှူအဖြစ် Surgical Gown (၄၀) စုံ၊ Hand Gel (၅) ဗူး၊ အရေးပေါ်အသက်ရှူအောက်ဆီဂျင် (၁၀) ဗူး၊S urgical Cap (၁၀၀) ခုတို့ကို မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းရာ မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာ ဒေါ်မျိုးအိအိထွန်းက လက်ခံပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)