ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၁၀၇၁) စုအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ပန်ဆိုင်း   နိုဝင်ဘာ   ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ် အရောက်ပေးအပ်နိုင်ရန်အတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လည် (၂)နာရီအချိန်ခန့်က ပန်ဆိုင်း(ကြူကုတ်)မြို့ ၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ ၌ ပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က “သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှထောက်ပံ့သည့်ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု မိသားစုများထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ရာတွင် တိကျမှန်ကန်စေရေး ပြည်သူ များ လက်ဝယ်အရောက်ရှိစေရေးအတွက် တိကျ မှန်ကန်စွာ ဆောင်ရွက်ပေးကြရန်” ပြောကြားသည်။

ဆက်လက်ပြီး မြို့အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ အိမ်ထောင်စုများ ၊ စုစုပေါင်း အိမ်ထောင်စု (၁၀၇၁)စုအတွက် ထောက် ပံ့ငွေကျပ်သိန်း(၂၀၀)ကျော်ခန့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန်းမိုးခိုင် (ပြန်/ဆက်)