ပင်းတယမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီ သီးနှံ စိုက်ပျိုးစရိတ်များ စတင်ထုတ်ချေး

ပင်းတယ   နိုဝင်ဘာ   ၁၈

ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ်အတွက် ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ ဒေသနေစိုက်ပျိုးရေးတောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိုက်များကို ပင်းတယမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ  ပန်းနှမ်း၊ နေကြာ၊ မြေပဲ စသည့်သီးနှံများစိုက်ပျိုးရန်အတွက် တောင်သူ ၅၉၂ ဦးတို့အတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့်  စုစုပေါင်းစိုက်ဧက ၃၀၃၂၀ ဧက အတွက် ငွေကျပ် ၃၀၃ ဒသမ ၂၀ သန်းအား လျာထားချက်နှင့် အညီထုတ်ချေးပေး လျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက် ကျေးရွာများမှ ဆောင်းရာသီ သီးနှံစိုက်ပျိုး တောင်သူများအား စိုက်ပျိုးချိန်အမှီဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျ ထုတ်ချေး ပေးလျက်ရှိကြောင်းလည်း သိရသည်။

 

 ပင်းတယ(ပြန်/ဆက်)