ထားဝယ်ခရိုင်ဇုံ၊ တက္ကသိုလ်/ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ်  ဖေဖော်ဝါရီ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သည့် ထားဝယ်ခရိုင်ဇုံ၊ တက္ကသိုလ်/ ကောလိပ် ပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန် က ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာကြသော ထားဝယ်တက္ကသိုလ်အသင်းနှင့် နည်းပညာတက္ကသိုလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ(၂)ဂိုး(၂)ဂိုးဖြင့် သရေရရှိပြီး ပယ်နတီအဆုံးအဖြတ်ဖြင့် နည်းပညာတက္က သိုလ် အသင်းက အနိုင်ရရှိသည်။

ထိုနောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ကြက်ခြေနီတပ်ဖွဲ့အား တိုင်းဒေသကြီး ဘောလုံး ဆပ်ကော်မတီဝင် ဦးသောင်းလွင်က ဂုဏ်ပြဆုချီးမြှင့်ပြီး ဒုတိယဆုရရှိသည့် ထားဝယ်တက္ကသိုလ်အသင်းအား တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်သည်။

ဆက်လက်၍ ပထဆုရရှိသည့် နည်းပညာတက္ကသိုလ်အသင်းအား တိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က လည်ဆွဲဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က တံခွန်စိုက်ဆုဖလား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ် (ထားဝယ်ခရိုင်ပြန်/ဆက်)