ကလိန်အောင်၊ နိုဝင်ဘာ ၁၈
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကြိုတင်သတိပြု ကာကွယ်နိုင်စေရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသမှုကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင် မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီခန့်က ပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်သော မိဘအုပ်ထိန်းမှု အတတ်ပညာ၊ ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ ကိုဗစ်−၁၉ရောဂါ ဆိုင်ရာ အချက်အလက်နှင့်ထင်မြင်ယူဆချက်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးများနှင့်အတူစာဖတ်ပါ၊ ကလေးနှင့်သတင်းအတူကြည့်ပါ၊ ကိုဗစ်−၁၉ကာလ အတွင်း သတင်းအချက် အလက်ဝန်ပိမှုကိုစီမံခန့်ခွဲခြင်း၊ သတင်း အချက်အလက်ဝန်ပိခြင်းနှင့် သတင်းအချက်အလက်ရ ယူနိုင်မှု၊ သတင်း အချက်အလက် ဝန်ပိခြင်းဆိုသည်မှာ၊ မိမိသည်သတင်းအချက် အလက်ဝန်ပိနေပြီ ဖြစ်ကြောင်း မည်သို့ သိနိုင်သနည်း စသည့် အကြောင်းအရာများပါဝင်သည့် ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး ရုပ်ပုံများစသည့် ကိုဗစ်-၁၉ရောဂါ အကြောင်း သိကောင်းစရာများ ပြသဆောင်ရွက်လျက်ရှိသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)