ရေဖြူမြို့နယ်တွင် ဆောင်းသီးနှံအဖြစ်နှမ်း(၃)ဧကစမ်းသပ်စိုက်ပျိုး

ရေဖြူ နိုဝင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့ ရရှိစေရန်နှင့် တောင်သူ များအတွက် ဆောင်းသီးနှံစိုက်ခင်းအဖြစ် ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ဦးကျော်မြင့် လယ်မြေတွင်နှမ်း(၃)ဧကကို  ယမန်နေ့တွင်စတင်စိုက်ပျိုးထားကြောင်း သိရသည်။
အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆောင်းရာသီတွင်ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံဖြစ်သော နေကြာနှင့် ပဲအမျိုးမျိုးကိုလည်း မကြာမီစိုက်ပျိုးသွားမည်ဖြစ်ပြီး နှမ်း(၃)ဧကကို စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
"ဆီထွက်သီးနှံဖြစ်တဲ့ နှမ်း၊ နေကြာ၊ ပဲ တို့ကို ကျွန်တော်တို့နတ်တွင်းကျေးရွာမှာ စပါးရိတ် သိမ်းအပြီး အစိုဓာတ်ရှိနေတုန်း စတင်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်"ဟု ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ဝင်း ကပြောသည်။ ပြောင်းဖူး (၁)ဧကကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ယခုအချိန်တွင် စံပြဆောင်းသီးနှံ အဖြစ် နှမ်း(၃)ဧကကို စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
(ရေဖြူ-ပြန်/ဆက်)