မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာတွင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ကျေးရွာမှထည့်ဝင် ငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်မီးလင်းရေးလုပ်ငန်း ပြီးစီးပြီဖြစ်၍ လျှပ်စစ်မီးရရှိ

မိတ္ထီလာ၊ နိုဝင်ဘာလ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာတွင်  ကျေးရွာ မြစိမ်းရောင် စီမံကိန်း အတိုးရငွေနှင့် ကျေးရွာမှ ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်လျက် ရှိသော ကျေးလက်မီးလင်းရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ လျှပ်စစ်မီးများ ရရှိပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကျပ် သိန်း(၃၀၀)ကို  ပေးအပ်ပြီး ၎င်းကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ အရောင်းအဝယ်လုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြင့်လုပ်ကိုင်နိုင်ရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက် ရှိရာမှ အိမ်ခြေ ၉၄ အိမ် ၊ လူဦးရေ ၄၆၇ ဦး ရှိသော ဆပ်ပြာကျင်းကျေးရွာတွင်  ကျေးရွာမြစိမ်းရောင် စီမံကိန်းကို  ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကျေးရွာမြစိမ်းရောင်စီမံကိန်း၏ အတိုးရငွေ ကျပ် သိန်း(၁၁၀)နှင့် ကျေးရွာမှ ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေ ( ၁၆ )သိန်းတို့ဖြင့် ကျေးရွာ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ကျေးရွာမြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ကျေးရွာမှ ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်မီးလင်းရေးလုပ်ငန်းများမှာ ယခုဆိုလျှင် ပြီးစီးနေပြီဖြစ်၍ ကျေးရွာတွင်း၌ လျှပ်စစ်မီးများ ရရှိနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံ သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကျေးရွာမြစိမ်းရောင်စီမံကိန်းဖြင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ ကျေးရွာ (၅၂)ရွာကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)