မိုင်းနောင်မြို့တွင် Online မှတစ်ဆင့် Physical Fitness Dance လှုပ်ရှားမှုပြိုင်ပွဲ ကျင်းပ

မိုင်းနောင်  နိုဝင်ဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လှုပ်လှုပ်ရှားရှား လူထုအားကစား  Facebook Page /Group တွင် ကျင်းပ ပြုလုပ်သည့် (၃မိနစ်) Physical Fitness Dance လှုပ်ရှားမှုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား နိုဝင်ဘာ(၁၆)ရက်မှစ၍ယနေ့ နံနက် (၈)နာရီအချိန်ထိ မှတ်တမ်းတင်ရိုက်ကူး တင်ဆက် ပေးလျက် ရှိသည်။

မိုင်းနောင်မြို့ အတွင်းရှိ ကျောင်းသူများအနေဖြင့် Stay Home နေစဉ်ကာလအတွင်း မိမိနေအိမ်မှနေ၍ ကိုယ်ကာယလေ့ကျင့်ခန်းများ၊ Physical Fitness Dance အကများကို Online မှတစ်ဆင့် လေ့လာသင်ယူ၍ ပါဝင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်များသည် နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်(၈)နာရီမှစ၍ မိမိပါဝင်ယှဉ်ပြိုင်မည့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၏ ကိုယ်စားပြု ဖွင့်လှစ် ထားသော အကောင့်များမှသာ တင်ပြ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သတ်မှတ်ကကွက် ပွဲစဉ်(၈)ပွဲနှင့် စိတ်ကြိုက်ကကွက် ပွဲစဉ်(၁)ပွဲ စုစုပေါင်း (၉)ပွဲယှဉ်ပြိုင် ရမည်ဖြစ်သည်။ မိုင်းနောင်မြို့ အနေဖြင့် ယခုပြုလုပ်သော Physical Fitness Dance လှုပ်ရှားမှုပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် (၁၈)ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း နည်းပြဆရာမ ဒေါ်နန်းခင်သန္တာဝင်းထံမှ သိရသည်။

မိုင်းနောင် (ပြန်/ဆက်)