ကော့သောင်း ဇူလိုင် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီရေတောများ အရေးပါပုံနှင့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အ.လ.က (ခွဲ) ရွှေဟင်္သာကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကော့သောင်းမြို့နယ် သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးဟိန်းထက်အောင်-၂က ဒီရေတောများအကြောင်း၊ ဒီရေတောအရေးပါပုံနှင့် ဒီရေတောရှိခြင်း၏ ကောင်းကျိုး/ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် သစ်တောဝန်ထမ်းများက ကျောင်းပတ်ဝန်းကျင်အတွင်း ပျဉ်းကတိုး (၁၅)ပင်၊ မဟော်ဂနီ (၂၅)ပင်၊ ခရေ (၁၀)ပင်၊ စုစုပေါင်းပျိုးပင် (၅၀)အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)