ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

ဟားခါး         နိုဝင်ဘာ                  ၁၈

ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများက လက်ခံခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု(၃၈)အုပ်စု၏ စာရေးဝန်ထမ်း(၃၈)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၇၂,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂,၇၃၆,၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

အောင်ခွီရှီန်း (ပြန်/ဆက်)