ဟားခါး နိုဝင်ဘာ ၁၈
ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အလှူငွေကျပ် (၃)သိန်းကို ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အတွက် ဟားခါးကျိမ်နွဲခရစ်ယာန်အမျိုးသမီးအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)