ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမ၌ စာရေးဆရာနွေး(သရက်)၏ “သားပျော်ပါတယ်အမေ”စာအုပ်အားစာဖတ်ဝိုင်းပြုလုပ်

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာ နွေး(သရက်) ရေးသားသည့် “သားပျော်ပါတယ်အမေ” စာအုပ်ကို ယနေ့ မွန်းလွဲ (၂) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေရွှေမြင့်က စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ဆွေးနွေးပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နီလာစိုး၊ ဦးတင်မောင်အေး (Book Club) ဥက္ကဋ္ဌ၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ ဦးမင်းဟိန်းခန့်၊ စာရေးဆရာနွေး(သရက်)၊ ဦးထွန်းနိုင်ဦး (ရွှေအုန်းသား)၊ စာရေးဆရာ ဦးဝေမိုးအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ စာပေဝါသနာရှင် ဦးကြည်ဝင်း၊ စာပေဝါသနာရှင် ဦးဝင်းမြင့်ဦး၊ စာပေဝါသနာရှင် ဦးမြင့်မိုရ်ဦး၊ (Book Club)အဖွဲ့ဝင် ဒေါ်ဆာရာခင်ခင်စိုး၊ (Book Club) အဖွဲ့ဝင် ဒေါ်ရွှေရည်ဝင်းတို့မှ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့် အမျိုးမျိုးမှ ဆွေးနွေးခဲ့ ကြပါသည်။

စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိ မြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင် စုစုပေါင်း (၁၈) ဦးတက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်