နမ့်ဆန် နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူများအား အသိပညာပေး နံရံကပ် စာစောင်များ ပြသထားရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ပြဘုတ်တွင် ကိုဗစ်-၁၉ အသိပညာပေး စာစောင်များနှင့် နိုင်ငံတော်အကြီးအကဲ၏ တိုင်းကျိုးပြည်ပြု မှတ်တမ်း ပုံများကို ပြည်သူများ လေ့လာနိုင်ရန် ပြသထားရှိကြောင်းသိရသည်။
ထိုသို့ ပြသထားရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ပညာပေး စာစောင်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ့အတွက် အားကျိုးမာန်တက် ဆောင်ရွက်ခဲ့သည့်မှတ်တမ်း ဓါတ်ပုံများ၊ ဒေသဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းကျော်နှင့် အဖွဲ့ဝင်များတို့မှ နမ့်ဆန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကွင်းဆင်း စစ်ဆေးမှု မှတ်တမ်းများတို့ကို ပြည်သူများလေ့လာနိုင်ရန် ပြသထားရှိပါသည်။ ထို့ပြင် အဆိုပါ ပြဘုတ်တွင် ပြည်သူများ ဗဟုသုတ ရရှိစေမည့် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း အခါအားလျော်စွာ ပြသဆောင်ရွက်ပေး လျက်ရှိ ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)